လူးပပ်စ် ကျောက်ကပ်ရောင်ရောဂါက ဘာကြောင့် ဖြစ်ရတာလဲ။

SLE ဖြစ်ရသည့် အကြောင်းအရင်းကို ဘယ်သူမှ အမှန်တကယ် မသိကြပါ။ SLE လူနာအချို့တွင် လူးပပ်စ် ကျောက်ကပ်ရောင်ရောဂါ (LN) ဖြစ်ရသည့် အကြောင်းရင်းမှာလည်း မရှင်းလင်းပါ။ 

သို့သော် အချို့ရောဂါဖြစ်စေမည့်အန္တရာယ်များက SLE လူနာတစ်ဦးတွင် LN ဖြစ်လာနိုင်ခြေ မြင့်စေနိုင်ပါသည်။ ဤရောဂါဖြစ်စေမည့်အန္တရာယ်များထဲမှ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုရှိခြင်းက ထိုရောဂါကို အသေအချာ ရလိမ့်မည်ကို မဆိုလိုသော်လည်း ထိုရောဂါဖြစ်ပေါ်လာနိုင်ခြေပိုများပါသည်။

SLE နှင့် LN ရောဂါဖြစ်စေမည့်အန္တရာယ်များတွင် အောက်ပါတို့ ပါဝင်ပါသည် - 

DNA_LINE_BLUE_SMALL.png

မျိုးရိုးလိုက်ခြင်း

PEOPLE_1_LINE_BLUE_SMALL.png

ကျား/မဖြစ်ခြင်း

PEOPLE_2_LINE_BLUE_SMALL.png

လူမျိုး သို့မဟုတ် လူမျိုးစု

WORLD_LINE_BLUE_SMALL.png

ဘေးပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများ

မျိုးရိုးလိုက်ခြင်း- Genes (မျိုးရိုးဗီဇ) အချို့တွင် အပြောင်းအလဲရှိသောသူများသည် SLE နှင့် LN ရောဂါ ဖြစ်နိုင်ခြေပိုများပါသည်။ SLE ရောဂါစတင်ဖြစ်ပွားခြင်းနှင့်ဆက်စပ်သည်ဟု တွေ့ရှိထားသော မျိုးရိုးဗီဇ 80 ထက်မနည်း ရှိပါသည်။ 

• ကျား/မဖြစ်ခြင်း- အမျိုးသမီးများသည် အမျိုးသားများထက် SLE ရောဂါဖြစ်နိုင်ခြေ 8 ဆမှ 15 ဆ ပိုများပြီး ယေဘုယျအားဖြင့် autoimmune diseases (မိမိခုခံအားစနစ်က ပုံမှန်ဆဲလ်များကို မှားယွင်းစွာ တိုက်ခိုက်သည့်ရောဂါများ) ဖြစ်နိုင်ခြေလည်း ပိုများပါသည်။

• လူမျိုး သို့မဟုတ် လူမျိုးစု- လူမည်းလူမျိုး၊ စပိန်စကားပြောလူမျိုး သို့မဟုတ် အာရှလူမျိုးများသည် SLE ရောဂါဖြစ်နိုင်ခြေ 2 ဆမှ 3 ဆ ပိုများပြီး လူဖြူများထက် LN ကြောင့် သေဆုံးနိုင်ခြေ ပိုများပါသည်။

• ဘေးပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများ- ဆေးလိပ်သောက်သူများ၊ (ပိုးသတ်ဆေးအပါအဝင်) အချို့သော ဓာတုပစ္စည်းများနှင့် အထိအတွေ့ရှိသူများ သို့မဟုတ် အချို့ကူးစက်ရောဂါအမျိုးအစား ရှိသူများတွင် SLE နှင့် LN ဖြစ်နိုင်ခြေ ပိုများသည်။

 

ကိုးကားချက်များ

 

1. Anders HJ, Saxena R, Zhao MH, Parodis I, Salmon JE, Mohan C. လူးပပ်စ် ကျောက်ကပ်‌ရောင်ရောဂါ Nat Rev Dis Primers. 2020 Jan 23;6(1):7. Doi: 10.1038/s41572-019-0141-9. PMID: 31974366.
2. Pons-Estel GJ, Alarcón GS, Scofield L, Reinlib L, Cooper GS. Understanding the epidemiology and progression of systemic lupus erythematosus. Semin Arthritis Rheum. 2010 Feb;39(4):257-68. doi: 10.1016/j.semarthrit.2008.10.007. Epub 2009 Jan 10. Review.
3. GfK Roper. (2012). Lupus Awareness Survey for the Lupus Foundation of America [Executive Summary Report]. Washington, DC.
4. Hong WANG, Yi-le REN, Jun CHANG, Luo GU, Ling-Yun SUN. A Systematic Review and Meta-analysis of Prevalence of Biopsy-Proven Lupus Nephritis
Arch Rheumatol. 2018 Mar; 33(1): 17–25. Published online 2017 Jul 25. doi: 10.5606/ArchRheumatol.2017.6127
5. Liu CC, Kao AH, Manzi S, Ahearn JM. Biomarkers in systemic lupus erythematosus: challenges and prospects for the future. Therapeutic Advances in Musculoskeletal Disease. 2013;5(4):210–233
6. Madhok R. Systemic lupus erythematosus: lupus nephritis. BMJ Clin Evid. 2015;2015:1123. Published 2015 Dec 18.
7. Hahn BH, McMahon MA, Wilkinson A, et al. American College of Rheumatology guidelines for screening, treatment, and management of lupus nephritis. Arthritis Care Res. 2012;64(6):797-808.
8. Emily J. Sutton, Julie E. Davidson, Ian N. Bruce. The Systemic Lupus International Collaborating Clinics (SLICC) damage index: A systematic literature review. Seminars in Arthritis and Rheumatism, Volume 43, Issue 3, 2013, Pages 352-361. ISSN 0049-0172. 

သင်ဖတ်ရှုလိုမည့် အခြားအကြောင်းအရာများ

ကျန်းမာကြံ့ခိုင်မှုနှင့် ကျောက်ကပ်

ကျွန်ုပ်၏ ကျောက်ကပ်အတွက် အစားအစာ

ကျွန်ုပ်နှင့် ဘဝတူများ

LN ရောဂါ ကုသနည်း