CKD (နာတာရှည် ကျောက်ကပ်ရောဂါ) ဖြစ်စေနိုင်သည့် ရောဂါအကြောင်းရင်းများ သို့မဟုတ် ရောဂါဖြစ်စေမည့်အန္တရာယ်များက ဘာလဲ။

KIDNEYS_QUESTIONMARK_LINE_BLUE_SMALL.png

နာတာရှည် ကျောက်ကပ်ရောဂါမှာ ကျောက်ကပ်လုပ်ငန်းဆောင်တာကို ထိခိုက်ပျက်စီးစေသော ‌ရောဂါ တစ်ခုနှင့်အထက်ကြောင့် ဖြစ်လာပါသည်။

KIDNEY_DATA_LINE_BLUE_SMALL.png

CKD အဓိက အကြောင်းရင်းနှစ်ခုမှာ ဆီးချိုရောဂါ (အချို့ဒေသများတွင် 40% အထိ) နှင့် သွေးပေါင်တက်ခြင်း (25%). [1]

KIDNEYS_DISRUPTION_LINE_BLUE_SMALL.png

ကိုယ်ခံအားစနစ်ဆိုင်ရာ ရောဂါများနှင့် အချို့သော မွေးရာပါရောဂါများကဲ့သို့သော အခြားအကြောင်းအချက်များသည်လည်း CKD ကို ဖြစ်စေနိုင်ပါသည်။

  CKD ဖြစ်စေနိုင်သော ရောဂါအချို့ ရှိပါသည်။ ထိုရောဂါများထဲမှ တချို့မှာ -
ဆီးချိုရောဂါ
အမြဲတစေ သွေးတွင်းသကြားဓာတ် တက်ခြင်းက ကျောက်ကပ် corpuscles ၏ သေးငယ်သော သွေးကြောများကို ထိခိုက်ပျက်စီးစေပါသည် ("diabetic nephropathy")။
သွေးပေါင်တက်ခြင်း
အမြဲတစေ သွေးပေါင်တက်ခြင်းက ကျောက်ကပ်၏ သွေးကြောများနှင့် ကျောက်ကပ်တစ်သျှူးကို ထိခိုက်ပျက်စီးစေပါသည် ("vascular hypertensive nephropathy")။
Glomerulonephritis (ကျောက်ကပ်၏ စစ်ထုတ်အစိတ်အပိုင်း ရောင်ရမ်းထိခိုက်မှု)
"စစ်ထုတ်ပေးသော သွေးကြောများ" ဖြစ်ကြသည့် ကျောက်ကပ် corpuscles (glomeruli) ရောင်ရမ်းမှုနှင့် ဆက်စပ်သည့် ရောဂါအမျိုးမျိုး ပါဝင်သည်။
Tubulo-interstitial nephritis (ကျောက်ကပ်၏ တစ်သျှူးပြွန်နေရာ ရောင်ရမ်းမှု)
၎င်းသည် urinary tubules (ဆီးလမ်းကြောင်းပြွန်များ) နှင့် ထိုပြွန်များပတ်ပတ်လည်နေရာကို ရောင်ရမ်းထိခိုက်စေပြီး အချို့သော ဆေးဝါးများ သို့မဟုတ် metabolic disorders (ဇီဝဓာတုဖြစ်ပျက်မှု ပုံမမှန်သည့် ရောဂါများ) အပေါ် မူတည်ပါသည်။
Polycystic (အရည်အိတ်များစွာဖြစ်ပေါ်လာသော) ကျောက်ကပ်
မွေးရာပါ ဤရောဂါသည် ကျောက်ကပ်အတွင်း အရည်ပြည့်နေသော အလုံးများ (အရည်အိတ်များ) ဖြစ်စေပြီး ကျန်ရှိသော ကျောက်ကပ်တစ်သျှူးများအပေါ် ဖိအားသက်ရောက်စေပြီး ကျောက်ကပ်လုပ်ငန်းဆောင်တာကို အားနည်းစေပါသည်။

No filter results

CKD အတွက် ရောဂါဖြစ်စေမည့်အန္တရာယ်များတွင် အောက်ပါတို့ ပါဝင်သည် -

• မိသားစုမျိုးရိုးတွင် ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ သို့မဟုတ် သွေးတိုးရောဂါရှိခြင်း၊

• အဝလွန်ခြင်း၊

• ဆီးကျောက်တည်သည့် ရောဂါရာဇဝင် ရှိခြင်း၊

• အသက် 60 နှစ်အထက်၊

• လူမျိုး / လူမျိုးစု - အာဖရိကန်လူမျိုး၊ အာရှလူမျိုးနှင့် လက်တင်/စပိန်စကားပြောမျိုးနွယ်ဖွားများသည် ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေ ပိုများပါသည်။

 

ကိုးကားချက်များ

 

  1. Findlay’s and Isles’ “Clinical Companion in Nephrology”, Springer Ed., 2015 မှ ထုတ်နုတ်ကိုးကားထားသည်။
  2. “Comprehensive Clinical Nephrology”, 6th edition, Elsevier Ed., 2015 မှ ထုတ်နုတ်ကိုးကားထားသည်။
  3. National Kidney Foundation
  4. KidneyFund.org
  5. Kidney Disease: Improving Global Outcomes (KDIGO) CKD Work Group. KDIGO 2012 Clinical Practice Guideline for the Evaluation and Management of Chronic Kidney Disease. Kidney inter., Suppl. 2013; 3: 1–150.
  6. Kidney Disease: Improving Global Outcomes (KDIGO) Lipid Work Group. KDIGO Clinical Practice Guideline for Lipid Management in Chronic Kidney Disease. Kidney inter., Suppl. 2013; 3: 259–305.
  7. “Diabetic Nephropathy”, American Diabetes Association, Diabetes Care 2002 Jan; 25 (suppl 1): s85-s89.
  8. Global, regional, and national burden of chronic kidney disease, 1990–2017: a systematic analysis for the Global Burden of Disease Study, 2017.

 

သင်ဖတ်ရှုလိုမည့် အခြားအကြောင်းအရာများ

ကျန်းမာကြံ့ခိုင်မှုနှင့် ကျောက်ကပ်

ကျွန်ုပ်၏ ကျောက်ကပ်အတွက် အစားအစာ

ကျွန်ုပ်နှင့် ဘဝတူများ

CKD ရောဂါ ကုသနည်း