ဆီးချိုရောဂါနှင့်ဆက်စပ်သည့် ကျောက်ကပ်ရောဂါ

ဆီးချိုရောဂါဆိုတာ ဘာလဲ။

ဆီးချိုရောဂါသည် ခန္ဓာကိုယ်အတွင်း အင်ဆူလင် အလုံအလောက် မထုတ်သည့် သို့မဟုတ် တုံ့ပြန်မှုအားနည်းသည့် ရောဂါတစ်မျိုးဖြစ်ပြီး ၎င်းက သွေးတွင်း သကြားဓာတ် (glucose) ပမာဏကို ပုံမှန်မဟုတ်လောက်အောင် တက်စေပါသည်။ အင်ဆူလင်သည် pancreas (မုန့်ချိုအိတ်) မှ ထုတ်သည့် သွေးတွင်း သကြားဓာတ်ပမာဏကို ထိန်းညှိပေးသော ဟိုမုန်းတစ်မျိုး ဖြစ်သည်။ သွေးတွင်းသကြားဓာတ်ပမာဏ မြင့်တက်ခြင်းက ခန္ဓာကိုယ်၏ မတူညီသော အစိတ်အပိုင်းများတွင် ပြဿနာများ နှင့်/သို့မဟုတ် ထိခိုက်ပျက်စီးမှုကို ဖြစ်စေနိုင်ပါသည်။

ဆီးချိုရောဂါ အမျိုးအစား 2 မျိုး ရှိပါသည် -

အမျိုးအစား 1 - အင်ဆူလင် ထုတ်ပေးသော ဘီတာဆဲလ်များ ခန္ဓာကိုယ်အတွင်း ပျက်စီးခြင်းကြောင့် ဆီးချိုရောဂါ အမျိုးအစား 1 သည် များသောအားဖြင့် ငယ်ရွယ်စဉ် စဖြစ်တတ်ပါသည်။ “အင်ဆူလင်အပေါ် မှီခိုရသည့် ဆီးချိုရောဂါ” ဟုလည်း ၎င်းကို ခေါ်ဆိုပါသည်။ ဤဆီးချိုရောဂါအမျိုးအစားတွင် pancreas သည် အင်ဆူလင် လုံးဝ သို့မဟုတ် လုံလုံလောက်လောက် မထုတ်သဖြင့် လူနာများသည် အင်ဆူလင်ထိုးဆေး မဖြစ်မနေ ထိုးရပါသည်။

အမျိုးအစား 2 - “အရွယ်ရောက်မှ စဖြစ်သော ဆီးချိုရောဂါ” သို့မဟုတ် “အင်ဆူလင်အပေါ် မမှီခိုသည့် ဆီးချိုရောဂါ” ဟုလည်း ခေါ်သည့် ဆီးချိုရောဂါ အမျိုးအစား 2 သည် အမျိုးအစား 1 ထက် ပိုအဖြစ်များပါသည်။ ၎င်းသည် လူလတ်ပိုင်း လူနာများတွင် များသောအားဖြင့် ဖြစ်ပွားတတ်ပါသည်။ ဤအမျိုးအစားတွင် pancreas သည် အင်ဆူလင်ကို ထုတ်ပေးသော်လည်း ခန္ဓာကိုယ်က အင်ဆူလင်အပေါ် သင့်တင့်စွာ မတုံ့ပြန်ပါ။ များသောအားဖြင့် စားသောက်ပုံ ချိန်ညှိခြင်းဖြင့် နှင့်/သို့မဟုတ် ဆေးဝါးမှီဝဲခြင်းဖြင့် သွေးတွင်းသကြားဓာတ်ပမာဏ မြင့်တက်ခြင်းကို ထိန်းချုပ်နိုင်သော်လည်း အချို့လူနာများအနေဖြင့် အင်ဆူလင်ထိုးဖို့လည်း လိုအပ်နိုင်ပါသည်။

KIDNEYS_LINE_BLUE_SMALL.png

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆီးချိုရောဂါသည် နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်စေသည့် အဓိက အကြောင်းရင်း ဖြစ်ပြီး ဆီးချိုရောဂါ အမျိုးအစား 2 နှင့် အဝလွန်ခြင်းမှာ ကမ္ဘာအနှံ့ ပိုများလာခြင်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း အဓိက အကြောင်းရင်း အလျင်အမြန် ဖြစ်လာနေပါသည်။ 

WORLD_LINE_BLUE_SMALL.png

အမေရိကန်ပြည်ထောင်စု၌ ဆီးချိုလူနာများ၏ 43% အထိတွင် ကျောက်ကပ်ထိခိုက်ပျက်စီးမှု အမျိုးအစားအချို့ကို ရောဂါဖော်ထုတ်အမည်တပ်နိုင်ပြီးထိုဂဏန်းသည် 1980 ခုနှစ် လူဦးရေထက် နှစ်ဆပိုများပါသည်။

ဆီးချိုရောဂါသည် ကျောက်ကပ်ကို ဘယ်လို ထိခိုက်စေပါသလဲ။

ဆီးချိုရောဂါသည် ကျောက်ကပ်၏ မတူညီသော အစိတ်အပိုင်းများစွာကို ထိခိုက်စေသော်လည်း glomeruli ဟုခေါ်သည့် ကျောက်ကပ်၏ သေးငယ်သော သွေးကြောများအတွင်း ထိခိုက်ပျက်စီးမှု အထူးဖြစ်ပေါ်ပါသည်။ အလွန်အရေးကြီးသော ဤအစိတ်အပိုင်းများ ထိခိုက်ပျက်စီးသောအခါ ကျောက်ကပ်သည် ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့ကာ သွေးကို ပုံမှန် မသန့်စင်နိုင်တော့ပါ။ ၎င်းမှတဆင့် ဖူးယောင်ခြင်းနှင့် ကိုယ်အလေးချိန်တက်ခြင်းအပြင် သွေးထဲမှ ပုံမှန်အားဖြင့် စွန့်ထုတ်ပစ်သင့်သည့် အဆိပ်အတောက် စွန့်ပစ်ပစ္စည်းများ စုပုံလာခြင်း ဖြစ်စေနိုင်သည့် ဆားဓာတ်နှင့် ရေစုစည်းလာမှုအပါအဝင် ရောဂါနောက်ဆက်တွဲပြဿနာများစွာ ဖြစ်လာနိုင်ပါသည်။

ဆီးချိုရောဂါသည် အာရုံကြောစနစ်ကိုလည်း ဒဏ်ဖြစ်စေနိုင်ပြီး ဆီးအိတ်အတွင်းမှ ဆီးစွန့်ထုတ်ဖို့ အခက်အခဲ ဖြစ်စေနိုင်ပါသည်။ ဆီးအိတ်အတွင်း ဆီးစုပုံလာခြင်းသည် ကျောက်ကပ်အပေါ် ဖိအားအလွန်များစေနိုင်ပြီး ထိခိုက်ပျက်စီးမှု ပိုမိုဖြစ်စေနိုင်ပါသည်။

ဆီးသည် ဆီးအိတ်အတွင်း အချိန်ကြာကြာ ဆက်ရှိနေပါက အချိုဓာတ်ကြွယ်ဝသည့် ဆီးအတွင်း ဘက်တီးရီးယား ပေါက်ပွားမှုကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ဖြစ်ပေါ်လာနိုင်ပါသည်။

 

ကိုးကားချက်များ
 

  1. Radica Z. Alicic, Michele T. Rooney, Katherine R. Tuttle. CJASN Dec 2017, 12 (12) 2032-2045; DOI: 10.2215/CJN.11491116.
  2. KDOQI. KDOQI Clinical Practice Guidelines and Clinical Practice Recommendations for Diabetes and Chronic Kidney Disease. Am J Kidney Dis 2007; 49:S12.
  3. Diabetic Nephropathy: Diagnosis, Prevention, and Treatment. Jorge L. Gross, Mirela J. de Azevedo, Sandra P. Silveiro, Luís Henrique Canani, Maria Luiza Caramori, Themis Zelmanovitz. Diabetes Care Jan 2005, 28 (1) 164-176; DOI: 10.2337/diacare.28.1.164.

 

သင်ဖတ်ရှုလိုမည့် အခြားအကြောင်းအရာများ

ကျန်းမာကြံ့ခိုင်မှုနှင့် ကျောက်ကပ်

ကျွန်ုပ်၏ ကျောက်ကပ်အတွက် အစားအစာ

ကျွန်ုပ်နှင့် ဘဝတူများ

DKD ရောဂါ ကုသနည်း