လူးပပ်စ် ကျောက်ကပ်ရောင်ရောဂါ

လူးပပ်စ် ကျောက်ကပ်ရောင်ရောဂါဆိုတာ ဘာလဲ။

 လူးပပ်စ်ကျောက်ကပ်ရောင်ရောဂါ (LN) သည် Systemic Lupus Erythematosus (SLE) လူနာများတွင် တွေ့နိုင်သည့် ကျောက်ကပ်ရောဂါတစ်မျိုး ဖြစ်သည်။ [1]

• SLE သည် autoimmune disease (မိမိခုခံအားစနစ်က ပုံမှန်ဆဲလ်များကို မှားယွင်းစွာ တိုက်ခိုက်သည့်ရောဂါ)အမျိုးအစားတစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ သင့်ခုခံအားစနစ်က ခန္ဓာကိုယ်အတွင်း သင်၏ ဆဲလ်များ သို့မဟုတ် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ပြင်ပမှရောက်လာသည့်အရာများဟု အမှတ်မှားကာ တိုက်ခိုက်ခြင်း ဖြစ်သည်။ သင့်အရေပြား၊ အဆစ်များ၊ သွေးကြောများ၊ အဆုတ်များ၊ ဦးနှောက် နှင့်/သို့မဟုတ် ကျောက်ကပ်ကဲ့သိုသော ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အကြီးအကျယ် ထိခိုက်ပျက်စီးစေနိုင်ပါသည် [2]။

• (glomeruli ဟုလည်းခေါ်သည့်) ကျောက်ကပ်အတွင်း သွေးစစ်ထုတ်ပေးသည့် သေးငယ်သော သွေးကြောများသည် ခုခံအားစနစ်၏ တိုက်ခိုက်မှုခံရပြီး ဖူးယောင်ခြင်းနှင့် ကျောက်ကပ် အမာရွတ်ဖြစ်လောက်အောင် ထိခိုက်ပျက်စီးခြင်း ဖြစ်လာသောအခါ လူးပပ်စ် ကျောက်ကပ်ရောင်ရောဂါ ဖြစ်ပေါ်လာပါသည်။ 

• LN ရောဂါရှိသူအချို့တွင် ကျောက်ကပ်သည် ဆက်လက် ပိုဆိုးရွားလာပြီး နောက်ဆုံးတွင် လုံးဝ အလုပ်မလုပ်တော့ဘဲ ရပ်တန့်သွားနိုင်ပါသည်။ ထိုသိုဖြစ်လာပါက လူနာအနေဖြင့် သွေးသန့်စင်ရန် စက်အသုံးပြုသည့် ကျောက်ကပ်ဆေးခြင်း သို့မဟုတ် ကျောက်ကပ်အသစ်တစ်ခု (ကျောက်ကပ်အစားထိုးကုသခြင်း) လိုအပ်ပါမည်။ [1, 2]

SLE နှင့် လူးပပ်စ် ကျောက်ကပ်ရောင်ရောဂါသည် ဘယ်လောက် အဖြစ်များပါသလဲ။

WORLD_LINE_BLUE_SMALL.png

US နိုင်ငံတွင် လူ 1.5 သန်းနှင့် ကမ္ဘာအနှံ့ လူ 5 သန်း တွင် လူးပပ်စ်ရောဂါတစ်မျိုး ရှိကြကြောင်း ခန့်မှန်းသိရှိရပါသည်။ [3]

PEOPLE_1_LINE_BLUE_SMALL.png

SLE သည် အမျိုးသားများထက် အမျိုးသမီးများတွင် များစွာ ပိုအဖြစ်များပါသည်။ SLE လူနာ 10 ဦးတွင် 9 ဦးခန့်မှာ အမျိုးသမီးများ ဖြစ်ကြပါသည်။ [4]

KIDNEYS_LINE_BLUE_SMALL.png

LN သည် SLE လူနာများတွင် တွေ့ရှိရသည့် အဖြစ်အများဆုံးသော ပြဿနာများထဲမှာ တစ်ခု ဖြစ်သည်။ အရွယ်ရောက်ပြီး SLE လူနာ 10 ဦးထဲမှ 6 ဦးခန့်တွင် ကျောက်ကပ်ထိခိုက်ပျက်စီးမှု တစ်မျိုးမျိုး ရှိကောင်းရှိနိုင်ပါသည်။ [4, 5]

 

ကိုးကားချက်များ

 

  1. Anders HJ, Saxena R, Zhao MH, Parodis I, Salmon JE, Mohan C. လူးပပ်စ် ကျောက်ကပ်ရောင်ရောဂါ Nat Rev Dis Primers. 2020 Jan 23;6(1):7. Doi: 10.1038/s41572-019-0141-9. PMID: 31974366.
  2. Pons-Estel GJ, Alarcón GS, Scofield L, Reinlib L, Cooper GS. Understanding the epidemiology and progression of systemic lupus erythematosus. Semin Arthritis Rheum. 2010 Feb;39(4):257-68. doi: 10.1016/j.semarthrit.2008.10.007. Epub 2009 Jan 10. Review.
  3. GfK Roper. (2012). Lupus Awareness Survey for the Lupus Foundation of America [Executive Summary Report]. Washington, DC.
  4. Hong WANG, Yi-le REN, Jun CHANG, Luo GU, Ling-Yun SUN. A Systematic Review and Meta-analysis of Prevalence of Biopsy-Proven Lupus Nephritis. Arch Rheumatol. 2018 Mar; 33(1): 17–25. Published online 2017 Jul 25. doi: 10.5606/ArchRheumatol.2017.6127
  5. Liu CC, Kao AH, Manzi S, Ahearn JM. Biomarkers in systemic lupus erythematosus: challenges and prospects for the future. Therapeutic Advances in Musculoskeletal Disease. 2013;5(4):210–233
  6. Madhok R. Systemic lupus erythematosus: lupus nephritis. BMJ Clin Evid. 2015;2015:1123. Published 2015 Dec 18.
  7. Hahn BH, McMahon MA, Wilkinson A, et al. American College of Rheumatology guidelines for screening, treatment, and management of lupus nephritis. Arthritis Care Res. 2012;64(6):797-808.
  8. Emily J. Sutton, Julie E. Davidson, Ian N. Bruce. The Systemic Lupus International Collaborating Clinics (SLICC) damage index: A systematic literature review. Seminars in Arthritis and Rheumatism, Volume 43, Issue 3, 2013, Pages 352-361. ISSN 0049-0172. 

သင်ဖတ်ရှုလိုမည့် အခြားအကြောင်းအရာများ

ကျန်းမာကြံ့ခိုင်မှုနှင့် ကျောက်ကပ်

ကျွန်ုပ်၏ ကျောက်ကပ်အတွက် အစားအစာ

ကျွန်ုပ်နှင့် ဘဝတူများ

LN ရောဂါ ကုသနည်း