DKD ရောဂါကို ဘယ်လို ရောဂါဖော်ထုတ်အမည်တပ်နိုင်သလဲ။ ရောဂါရှာဖွေခြင်းနှင့် ဖော်ထုတ်အမည်တပ်ခြင်းဆိုင်ရာ ဆေးစစ်ချက်များ

ဆီးချိုရောဂါသည်များတွင် ရောဂါထိခိုက်ပျက်စီးခြင်းမှာ DKD ကြောင့် ဖြစ်ချင်ဖြစ်နိုင်သလို မဖြစ်ချင်မဖြစ်နိုင်ပါ။ ဆီးချိုရောဂါသည်များတွင် ရောဂါထိခိုက်ပျက်စီးခြင်းမှာ အခြားအကြောင်းရင်းတစ်ခုကြောင့် ဖြစ်နိုင်ပြီး DKD နှင့် တိုက်ရိုက် မအပ်စပ်ခြင်းမျိုး ဖြစ်နိုင်ပါသည်။

ရောဂါအမည်သေချာမတပ်နိုင်သေးမီ ဆီးချိုရောဂါနှင့် ကျောက်ကပ်ရောဂါရှိသော လူနာများအား ဆန်းစစ်အကဲဖြတ်ရာတွင် ဖြစ်နိုင်ချေရှိသော ရောဂါအကြောင်းရင်း(များ)ကိုပါ စစ်ဆေးရှာဖွေသင့်ပြီး ကျောက်ကပ်ထိခိုက်ပျက်စီးမှုရှိမရှိ ဆီးချိုလူနာများအား နှစ်စဉ်စစ်ဆေးသင့်ပါသည်။

ဆီးချိုရောဂါ အမျိုးအစား 1 ရောဂါအမည်တပ်ခံရသော လူနာများအား ရောဂါအမည်တပ်ခံရပြီးနောက် 5 နှစ်အတွင်း၊ ဆီးချိုရောဂါ အမျိုးအစား 2 ရောဂါအမည်တပ်ခံရသော လူနာများအား ရောဂါအမည်တပ်ခံရပြီးပြီးချင်း ကျောက်ကပ်ရောဂါရှာဖွေရေး ဆေးစစ်ချက်များကို စတင်သင့်ပါသည်။

ဤရောဂါရှာဖွေရေး ဆေးစစ်ချက်များတွင် အောက်ပါတို့ ပါဝင်သင့်ပါသည် -  

  ဆီးစစ်ချက်များ
ဆီးတွင်း ပရိုတိန်းဓာတ် (albumin) ရှိမရှိ စစ်ဆေးခြင်း

ကျောက်ကပ်၏ စစ်ထုတ်ရေး အင်္ဂါအစိတ်အပိုင်းများ ထိခိုက်ပျက်စီးခြင်းက ပရိုတိန်းဓာတ်များ ဆီးအတွင်း ယိုစိမ့်ထွက်ခြင်း ဖြစ်စေနိုင်ပါသည်။ ဆီးအတွင်း ပရိုတိန်းဓာတ်များ တွေ့ရှိခြင်းက ကျောက်ကပ်ကျန်းမာမှု စစ်ဆေးရန်နှင့် ဆီးချိုလူနာများတွင် DKD ရောဂါရှိမရှိ စစ်ဆေးရန် အလွန်ကောင်းသော ဆေးစစ်ချက်တစ်ခု ဖြစ်နိုင်ပါသည်။

ဆီးအတွင်း (သွေးအတွင်း ပုံမှန်ရှိသော အတွေ့ရအများဆုံး ပရိုတိန်းဓာတ်များထဲမှ တစ်ခုဖြစ်သည့်) albumin ဓာတ် အနည်းငယ် မြင့်တက်ခြင်းကို "microalbuminuria" ဟု ခေါ်ပြီး အနည်းငယ် ကျောက်ကပ်ထိခိုက်ပျက်စီးမှုနှင့် ဆက်စပ်နိုင်သော်လည်း ပိုပြင်းထန်သည့် ကျောက်ကပ်ထိခိုက်ပျက်စီးမှု အန္တရာယ် ပိုရှိလာနိုင်ပါသည်။ ဆီးအတွင်း albumin ဓာတ် ပိုမိုမြင့်တက်ခြင်းဟုခေါ်သည့် “Macroalbuminuria” မှာ ပိုမိုပြင်းထန်သည့် ကျောက်ကပ်ထိခိုက်ပျက်စီးမှု၊ ကျောက်ကပ်လုပ်ငန်းဆောင်တာ သိသိသာသာ ကျဆင်းမှုနှင့် ကျောက်ကပ် လုံးဝ အလုပ်မလုပ်တော့မည့်အန္တရာယ် မြင့်မားမှုတို့နှင့် ဆက်စပ်ပါသည်။

Albumin နှင့် creatinine အချိုးအစား (ACR)

တစ်ကြိမ်တစ်ခါသွားထားသောဆီး နမူနာ (spot urine sample) အတွင်းရှိ albumin နှင့် creatinine အချိုးအစားကို တိုင်းတာပါ။

Microalbuminuria (30-300 mg/g ကြားရှိသည့် ACR) နှင့် macroalbuminuria (ACR > 300 mg/g) ရှိမရှိ ဆုံးဖြတ်ပေးနိုင်ပါသည်။

No filter results

  သွေးစစ်ချက်များ
Estimated Glomerular Filtration Rate (eGFR)

သွေးတွင်း creatinine ပမာဏ စစ်ဆေးချက်၊ ကိုယ်ခန္ဓာအရွယ်အစား၊ ကျား/မဖြစ်ခြင်းတို့ကို ကြည့်ရှုခြင်းဖြင့် ဆရာဝန်အနေဖြင့် လူနာအတွက် eGFR ကို တွက်ချက်ပေးနိုင်ပါသည်။

ကျောက်ကပ်လုပ်ငန်းဆောင်တာကို ခန့်မှန်းရန်နှင့် ရောဂါအဆင့်ကို ဆုံးဖြတ်ရန် eGFR သည် အကောင်းဆုံး ရရှိနိုင်သည့် ဆေးစစ်ချက် ဖြစ်ပါသည်။ ထိုဆေးစစ်ချက်က ရောဂါပြင်းထန်မှုကို စောင့်ကြည့်နိုင်စေပြီး ရောဂါကုသရန်အတွက်လည်း အစီအစဉ်ချနိုင်စေပါသည်။

CKD ရောဂါကို စောလျင်စွာ ဖော်ထုတ်အမည်တပ်နိုင်လေလေ ထိုရောဂါပြင်းထန်မှု နှေးအောင်လုပ်နိုင်ခြေ သို့မဟုတ် ဟန့်တားနိုင်ခြေ ပိုများလေလေ ဖြစ်ကြောင်း အမှတ်ရပါ။

ကျောက်ကပ်ရောဂါ ပိုပြင်းထန်လာစဉ် eGFR ပမာဏ လျော့ကျပါသည် - eGFR ပမာဏ ပိုနည်းခြင်းက ကျောက်ကပ်ထိခိုက်ပျက်စီးမှု ပိုများပြီး ကျောက်ကပ်လုပ်ငန်းဆောင်တာ ပိုကျဆင်းနေသည်ဟု ဆိုလိုပါသည်။

သွေးတွင်း creatinine ဓာတ်

သွေးအတွင်း လည်ပတ်နေသော creatinine ပမာဏသည် ကျောက်ကပ်လုပ်ငန်းဆောင်တာကို ညွှန်ပြသည့် အမှတ်အသားတစ်ခု ဖြစ်ပါသည်။ Creatinine ဓာတ်သည် ကြွက်သားမျှင်များ လှုပ်ရှားဆောင်ရွက်ချက်မှ ထွက်ပေါ်လာသော စွန့်ထုတ်ပစ္စည်းတစ်ခု ဖြစ်ပြီး ပုံမှန်အားဖြင့် ကျောက်ကပ်က ထိုဓာတ်ကို သွေးတွင်းမှ စစ်ထုတ်ပြီး ဖယ်ရှားပေးပါသည်။ ကျောက်ကပ်၏ လုပ်ဆောင်နိုင်စွမ်း ပိုဆိုးရွားလာသောအခါ သွေးတွင်း creatinine ပမာဏ တက်လာပါသည်။

သွေးတွင်း creatinine ဓာတ်ကို eGFR တွက်ချက်ရာတွင်လည်း သုံးပါသည်။

No filter results

ဆီးချိုရောဂါရှိသော လူနာအများစုတွင် အောက်ပါတို့ ရှိပါက CKD ရောဂါသည် ဆီးချိုရောဂါ (DKD) ကြောင့် ဖြစ်နိုင်ပါသည် -

• Macroalbuminuria ရှိခြင်းး

• Microalbuminuria ရှိပြီး အောက်ပါတို့ထဲမှ အနည်းဆုံးတစ်ခု ရှိခြင်း - 

> > ဆီးချိုလူနာများတွင် အမြင်အာရုံ ထိခိုက်ခြင်းနှင့် အမြင်အာရုံပျောက်ကွယ်ခြင်းတို့ကို ဖြစ်စေနိုင်သည့် မျက်လုံး၏ retina (မျက်ကြည်လွှာ)တွင်းရှိ သွေးကြောများ ထိခိုက်ပျက်စီးခြင်းဟုခေါ်သည့် diabetic retinopathy (ဆီးချိုရောဂါကြောင့်ဖြစ်သည့် အမြင်ပျက်စီးယိုယွင်းမှု) ရှိခြင်း၊    

> > အနည်းဆုံး 10 နှစ်တာကြာအောင် ဆီးချိုရောဂါ အမျိုးအစား 1 ရှိသော လူနာတစ်ဦးဖြစ်ခြင်း။

 

ကျောက်ကပ် တစ်သျှူးအသားစယူခြင်း -

 

‌ကျောက်ကပ် တစ်သျှူးအသားစယူရာတွင် အပ်တစ်ချောင်းဖြင့် ကျောက်ကပ် 1 ခု သို့မဟုတ် နှစ်ခုစလုံး၏ တစ်သျှူးအသားစ နမူနာယူပြီး မိုက်ခရိုစကုပ်အောက်တွင် ကြည့်ရှုစစ်ဆေးခြင်း ပါဝင်သည်။ ထိုသို့လုပ်ဆောင်ရန် ရှားရှားပါးပါး လိုအပ်ပါသော်လည်း ဆီးချိုလူနာများတွင် DKD ရောဂါကို အမည်တပ်ရန်နှင့် အတည်ပြုရန် ထိုနည်းလမ်းသည် အတိကျဆုံးသော ဆေးစစ်ချက်ဖြစ်သည်။

တစ်သျှူးအသားစ နမူနာများအတွင်း တွေ့ရှိချက်များက ကျောက်ကပ်ထိခိုက်ပျက်စီးသည့် အဆင့် သို့မဟုတ် ပြင်းထန်မှုကို ဆုံးဖြတ်ပေးပြီး DKD ရောဂါပြင်းထန်မှုကို တိုက်ရိုက် ဖော်ထုတ်ပြပါသည်။

သို့သော် လူနာအများစုတွင် ဆီးချိုလူနာများအား သေချာစွာ ရောဂါရှာဖွေခြင်းက ကျောက်ကပ် တစ်သျှူးအသားစ ယူစရာမလိုဘဲ DKD ရောဂါရှိနေသည့် လူများကို ရွေးထုတ်ပေးနိုင်ပါသည်။

 

ဆီးချိုရောဂါ၊ DKD နှင့် နှလုံးနှင့်သွေးကြောရောဂါ (CVD)

 

ဆီးချိုရောဂါသည် အရေးအကြီးဆုံး CVD ရောဂါဖြစ်စေမည့်အန္တရာယ်များထဲမှ တစ်ခုလည်း ဖြစ်သောကြောင့် ဆီးချိုရောဂါနှင့် DKD ရောဂါရှိသော လူနာများတွင် myocardial infarction (နှလုံးကြွက်သားတစ်သျှူး ပုပ်ခြင်း) နှင့် heart failure (နှလုံးလုပ်ငန်းပျက်ယွင်းခြင်း) ကဲ့သို့သော နှလုံးရောဂါဖြစ်နိုင်ခြေ အလွန်မြင့်မားပါသည်။

 

ကိုးကားချက်များ

 

1. Radica Z. Alicic, Michele T. Rooney, Katherine R. Tuttle. CJASN Dec 2017, 12 (12) 2032-2045; DOI: 10.2215/CJN.11491116.

2. KDOQI. KDOQI Clinical Practice Guidelines and Clinical Practice Recommendations for Diabetes and Chronic Kidney Disease. Am J Kidney Dis 2007; 49:S12.

3. Diabetic Nephropathy: Diagnosis, Prevention, and Treatment. Jorge L. Gross, Mirela J. de Azevedo, Sandra P. Silveiro, Luís Henrique Canani, Maria Luiza Caramori, Themis Zelmanovitz. Diabetes Care Jan 2005, 28 (1) 164-176; DOI: 10.2337/diacare.28.1.164.

 

သင်ဖတ်ရှုလိုမည့် အခြားအကြောင်းအရာများ

ကျန်းမာကြံ့ခိုင်မှုနှင့် ကျောက်ကပ်

ကျွန်ုပ်၏ ကျောက်ကပ်အတွက် အစားအစာ

ကျွန်ုပ်နှင့် ဘဝတူများ

DKD ရောဂါ ကုသနည်း