DKD ၏ စမ်းသပ်တွေ့ရှိသော ရောဂါလက္ခဏာများနှင့် လူနာတင်ပြ ရောဂါလက္ခဏာများ‌က ဘာတွေလဲ။

စမ်းသပ်တွေ့ရှိသော ရောဂါလက္ခဏာများနှင့် လူနာတင်ပြ ရောဂါလက္ခဏာများ အချို့တွင် အောက်ပါတို့ ပါဝင်နိုင်ပါသည် -

 

DROP_LINE_BLUE.png

ဆီးအတွင်း albumin ဓာတ်/ပရိုတိန်းဓာတ် ပါဝင်ခြင်း

NATURAL_GAS_LINE_BLUE_SMALL.png

ယားယံခြင်း

PERSON_QUESTIONMARK_LINE_BLUE_SMALL.png

အားနည်းခြင်း၊ ဖြူဖျော့ခြင်းနှင့် သွေးအားနည်းခြင်း

CLOUD_LINE_BLUE_SMALL.png

ခြေကျင်းဝတ်နှင့် ခြေသလုံး ဖူးယောင်ခြင်း၊ ခြေသလုံး ကြွက်တက်ခြင်း

WOMAN_INFUSION BAG_PATIENT_LINE_BLUE_SMALL.png

အင်ဆူလင် သို့မဟုတ် ဆီးချိုကျဆေး လိုအင်နည်းလာခြင်း

BRAIN_QUESTIONMARK_LINE_BLUE.png

မနက်ပိုင်း နေထိုင်မကောင်းခြင်း၊ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း

BLADDER_LINE_BLUESMALL.png

အထူးသဖြင့် ညဘက်တွင် ဆီးသွားရသည့် အကြိမ်များခြင်း

HEART_DISRUPTION_2_LINE_BLUE_SMALL.png

သွေးပေါင်ချိန် မြင့်တက်ခြင်း (သွေးတိုး)

ထပ်ဆောင်း ရောဂါဖြစ်စေမည့်အန္တရာယ်များ ရှိပါသလား။

အချို့ ရောဂါဖြစ်စေမည့်အန္တရာယ်များသည်လည်း ဆီးချိုလူနာများတွင် DKD ရောဂါ ဖြစ်ပေါ်ခြင်းနှင့် ပြင်းထန်လာခြင်း ဖြစ်စေနိုင်ပါသည် -

သွေးတွင်းသကြားဓာတ် အချိန်ကြာကြာများခြင်း- သွေးအတွင်း သကြားဓာတ် ပမာဏကို ကောင်းစွာ မထိန်းထားနိုင်ဖြစ်ကာ အချိန်ကြာမြင့်စွာ သကြားဓာတ် မြင့်တက်နေသည့် အခြေအနေ ဖြစ်ပါသည်။

• Dyslipidemia (သွေးတွင်းအဆီဓာတ်များ မျှခြေမညီခြင်း)- သွေးအတွင်း fatty acids (ဥပမာ - ကိုလက်စထရောဓာတ်နှင့် triglycerides ဓာတ်) ပမာဏ များခြင်း

• ဆေးလိပ်သောက်ခြင်း

• သွေးပေါင်တက်ခြင်း

• ယခင်က ကျောက်ကပ်ထိခိုက်ပျက်စီးထားခြင်း

အစားအသောက်- ဆိုဒီယမ်ဓာတ်၊ ပရိုတိန်းဓာတ်နှင့် အဆီကြွယ်ဝသော အစားအစာများကလည်း ဆီးချိုရောဂါရှိသော လူနာများတွင် DKD ‌ရောဂါဖြစ်လာနိုင်စေပါသည်။

 

ကိုးကားချက်များ

 

1. Radica Z. Alicic, Michele T. Rooney, Katherine R. Tuttle. CJASN Dec 2017, 12 (12) 2032-2045; DOI: 10.2215/CJN.11491116.

2. KDOQI. KDOQI Clinical Practice Guidelines and Clinical Practice Recommendations for Diabetes and Chronic Kidney Disease. Am J Kidney Dis 2007; 49:S12.

3. Diabetic Nephropathy: Diagnosis, Prevention, and Treatment. Jorge L. Gross, Mirela J. de Azevedo, Sandra P. Silveiro, Luís Henrique Canani, Maria Luiza Caramori, Themis Zelmanovitz. Diabetes Care Jan 2005, 28 (1) 164-176; DOI: 10.2337/diacare.28.1.164.

 

သင်ဖတ်ရှုလိုမည့် အခြားအကြောင်းအရာများ

ကျန်းမာကြံ့ခိုင်မှုနှင့် ကျောက်ကပ်

ကျွန်ုပ်၏ ကျောက်ကပ်အတွက် အစားအစာ

ကျွန်ုပ်နှင့် ဘဝတူများ

DKD ရောဂါ ကုသနည်း