အဆင့် 2 သို့မဟုတ် အဆင့် 3 ကျောက်ကပ်ရောဂါဆိုသည်မှာ ဘာပါလဲ။ ရောဂါအဆင့်။

ကျောက်ကပ်ထိခိုက်ပျက်စီးမှု အတိုင်းအတာအပေါ် မူတည်ပြီး CKD ကို အဆင့်များ ခွဲခြားနိုင်ပါသည်။ အဆင့် 5 ဆင့် ရှိပြီး အဆင့် 1 မှာ ကျောက်ကပ်ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်ပြီး အဆင့် 5 မှာ ထိခိုက်ပျက်စီးမှု အမြင့်ဆုံး ဖြစ်ကာ ကျောက်ကပ် လုံးဝ အလုပ်မလုပ်တော့ပါ။

သင့်ကျောက်ကပ် အလုပ်လုပ်နိုင်သည့် အတိုင်းအတာကို နားလည်သ‌ဘောပေါက်ရန်နှင့် ကျောက်ကပ်ရောဂါအဆင့်ကို သတ်မှတ်ရန် estimated glomerular filtration rate သို့မဟုတ် eGFR ဟုခေါ်သည့် ဆေးစစ်ချက်တစ်ခု ရှိသည်။ သင့်သွေးတွင်း ခရီယာတနင်း (creatinine) ပမာဏ စစ်ဆေးချက်၊ ကိုယ်ခန္ဓာအရွယ်အစား၊ ကျား/မဖြစ်ခြင်းနှင့် သင့်အသက်အရွယ် စသည့်ရလဒ်များကို အခြေခံပြီး ထိုဆေးစစ်ချက်ကို တွက်ချက်နိုင်ပါသည်။ GFR ဆေးစစ်ခြင်းဖြင့် သင့်ကျောက်ကပ်ရောဂါအဆင့်အကြောင်း သင့် သမား‌တော်က သိရှိလာမည်ဖြစ်သည်။ ထိုသို့ဖြစ်လျှင် သင့်အတွက် ကုသရေးပလန်ကို သင့်တော်သလို ဖန်တီးနိုင်ပါပြီ။ GFR ပမာဏ နည်းလေလေ ရောဂါကြောင့် သင့်ကျောက်ကပ် ပိုထိခိုက်လေလေ ဖြစ်သည်။

ကျောက်ကပ်၏ လုပ်ငန်းဆောင်တာ သို့မဟုတ် glomerular filtration rate (GFR) အပေါ် ဆိုးဆိုးရွားရွား ထိခိုက်မှု အတိုင်းအတာအပေါ် မူတည်၍ KDIGO လမ်းညွှန်ချက် (ကျောက်ကပ်ရောဂါ - အလုံးစုံရလဒ်များ တိုးတက်စေခြင်း (Kidney Disease - Improving Global Outcomes)) အရ CKD ရောဂါကို အောက်ပါအဆင့်များအတိုင်း ခွဲခြားထားပါသည် -

  ကျောက်ကပ်ထိခိုက်ပျက်စီးမှု

ဖော်ပြချက်

GFR Level (mL/ min)

ရောဂါပိုဆိုးစေမည့်အန္တရာယ်

ကျောက်ကပ်ရောဂါအတွက် ရောဂါဖြစ်စေမည့်အန္တရာယ်များ (ဥပမာ - ဆီးချိုရောဂါ၊ သွေးပေါင်တက်ခြင်း၊ မိသားစုရာဇဝင်၊ အသက်ကြီးရင့်လာခြင်း)

အဆင့် 1

မဆိုစလောက် ကျောက်ကပ်ထိခိုက်ပျက်စီးမှု

GFR ပမာဏ ပုံမှန်ဖြစ်သည့် သို့မဟုတ် ပိုများသည့် ကျောက်ကပ်ထိခိုက်ပျက်စီးမှု

90 သို့မဟုတ် ထိုထက်များခြင်း

အဆင့် 2

အနည်းငယ်

ကျောက်ကပ်ထိခိုက်ပျက်စီးပြီး GFR ပမာဏ အနည်းငယ် ကျဆင်းခြင်း

60 မှ 89 အထိ

အဆင့် 3a 

အလယ်အလတ်

GFR ပမာဏ အနည်းငယ်မှ အလယ်အလတ် ကျဆင်းခြင်း

45 မှ 59 အထိ

အဆင့် 3b

အလယ်အလတ်

GFR ပမာဏ အလယ်အလတ်မှ အပြင်းအထန် ကျဆင်းခြင်း

30 မှ 44 အထိ

အဆင့် 4

ပြင်းထန်

GFR ပမာဏ အပြင်းအထန် ကျဆင်းခြင်း

15 မှ 29 အထိ

အဆင့် 5

ကျောက်ကပ် လုံးဝ အလုပ်မလုပ်တော့ခြင်း

ကျောက်ကပ် လုံးဝ အလုပ်မလုပ်တော့ခြင်း (ကျောက်ကပ်ဆေးခြင်း သို့မဟုတ် ကျောက်ကပ်အစားထိုးကုသခြင်း လိုအပ်ကောင်းလိုအပ်နိုင်ပါသည်)

15 အောက်

No filter results

ကိုးကားချက်များ

 

1. Findlay’s and Isles’ “Clinical Companion in Nephrology”, Springer Ed., 2015 မှ ထုတ်နုတ်ကိုးကားထားသည်။

2. “Comprehensive Clinical Nephrology”, 6th edition, Elsevier Ed., 2015 မှ ထုတ်နုတ်ကိုးကားထားသည်။ 

3. National Kidney Foundation

4. KidneyFund.org

5. Kidney Disease: Improving Global Outcomes (KDIGO) CKD Work Group. KDIGO 2012 Clinical Practice Guideline for the Evaluation and Management of Chronic Kidney Disease. Kidney inter., Suppl. 2013; 3: 1–150.

6. Kidney Disease: Improving Global Outcomes (KDIGO) Lipid Work Group. KDIGO Clinical Practice Guideline for Lipid Management in Chronic Kidney Disease. Kidney inter., Suppl. 2013; 3: 259–305.

7. “Diabetic Nephropathy”, American Diabetes Association, Diabetes Care 2002 Jan; 25 (suppl 1): s85-s89.

8. Global, regional, and national burden of chronic kidney disease, 1990–2017: a systematic analysis for the Global Burden of Disease Study, 2017.

သင်ဖတ်ရှုလိုမည့် အခြားအကြောင်းအရာများ

ကျန်းမာကြံ့ခိုင်မှုနှင့် ကျောက်ကပ်

ကျွန်ုပ်၏ ကျောက်ကပ်အတွက် အစားအစာ

ကျွန်ုပ်နှင့် ဘဝတူများ

CKD ရောဂါ ကုသနည်း