ကုသနည်း

GPA နှင့် MPA ရောဂါများအတွက် ကုသနည်းတစ်ခုချင်းမှာ ရောဂါပြင်းထန်မှုနှင့် ပါဝင်သည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများအပါအဝင် အကြောင်းအချက်အချို့အပေါ် အခြေခံထားပါသည်။ 

ယေဘုယျအားဖြင့် ကုသရသည့် ရည်ရွယ်ချက်မှာ ကိုယ်ခန္ဓာ၏ ခုခံအားတုံ့ပြန်မှုကို လျော့ကျစေမည့် ဆေးဝါးဖြင့် ရောဂါထကြွမှု (ရုတ်တရက်ရောဂါပြင်းထန်မှု) ကို လျှော့ချပေးရန် ဖြစ်သည်။ ရောဂါကို ထိန်းချုပ်ပြီးသည်နှင့်တပြိုင်နက် ရောဂါလျော့ကျသက်သာမှုကို ထိန်းသိမ်းထားရန် ရည်ရွယ်ပါသည်။ အချို့လူနာများတွင် ဆေးမပေးရဘဲ GPA နှင့် MPA ‌ရောဂါ ဆက်လက်လျော့ကျသက်သာနိုင်ပြီး အခြားလူနာများတွင် ထိုသို့ရောဂါဆက်လက်လျော့ကျသက်သာစေရန် ဆေးဝါးပမာဏ အနည်းငယ် လိုအပ်နိုင်ပါသည်။

GPA နှင့် MPA ရောဂါများတွင် အသုံးပြုသော ပင်မကုသနည်းမှာ ခုခံအားစနစ်ကို ဖိနှိပ်ပေးပြီး ရောင်ရမ်းမှုကို လျှော့ချပေးသည့် အခြားဆေးဝါးများနှင့်အတူ corticosteroids ဆေးပေးခြင်း ဖြစ်သည်။

WOMAN_INFUSION BAG_PATIENT_LINE_BLUE_SMALL.png

သွေးကြောရောင်ရမ်းခြင်း (GPA) သည် အဆက်မပြတ်ရောင်ရမ်းမှုကို ဖြစ်စေပြီး အလျင်အမြန် ‌ရောဂါပိုဆိုးလာနိုင်ပါသည်။

HEART_DISRUPTION_2_LINE_BLUE_SMALL.png

မကုသဘဲ ထားပါက GPA သည် အသက်အန္တရာယ်ဖြစ်စေမည့် ကိုယ်အင်္ဂါအစိတ်အပိုင်း ထိခိုက်ပျက်စီးမှု သို့မဟုတ် အလုပ်မလုပ်တော့ခြင်းကို ဖြစ်ကောင်းဖြစ်စေနိုင်ပါသည်။

FLASK_LINE_BLUE_SMALL.png

GPA ကို ထိထိရောက်ရောက် ကုသနိုင်ပြီး ရောဂါနောက်ဆက်တွဲပြဿနာများကို လျှော့ချပေးနိုင်သည့် ဆေးဝါးများ ရရှိနိုင်ပါသည်။

KIDNEYS_LINE_BLUE_SMALL.png

ကုသနည်းသည် ထိခိုက်ပျက်စီးသော ကိုယ်အင်္ဂါအစိတ်အပိုင်းများနှင့် ရောဂါပြင်းထန်မှုအပါအဝင် အကြောင်းအချက်များစွာအပေါ် မူတည်ပါသည်။

ကိုးကားချက်များ

 

1. American College of Rheumatology:
https://www.rheumatology.org/Practice/Clinical/Patients/Diseases_And_Conditions/Granulomatosis_with_Polyangiitis_(Wegener_s)/

2. Calabrese LH, Molloy ES, Duna Gf. Antineutrophil cytoplasmic antibody-associated vasculitis. In Kelley’s Textbook of Rheumatology, 2009; Edited by GS Firestein, RC Budd, SE Gabriel, et al. Philadelphia, PA: Saunders/Elsevier.

3. Pagnoux C. Updates in ANCA-associated vasculitis. Eur J Rheumatol 2016; 3:122-133.

သင်ဖတ်ရှုလိုမည့် အခြားအကြောင်းအရာများ

ကျန်းမာကြံ့ခိုင်မှုနှင့် ကျောက်ကပ်

ကျွန်ုပ်၏ ကျောက်ကပ်အတွက် အစားအစာ

ကျွန်ုပ်နှင့် ဘဝတူများ