GPA နှင့် MPA ၏ စမ်းသပ်တွေ့ရှိသော ရောဂါလက္ခဏာများနှင့် လူနာတင်ပြ ရောဂါလက္ခဏာများ‌က ဘာတွေပါလဲ။

GPA နှင့် MPA ၏ စမ်းသပ်တွေ့ရှိသော ရောဂါလက္ခဏာများနှင့် လူနာတင်ပြ ရောဂါလက္ခဏာများ‌က များစွာကွာခြားပါသည်.. အောက်ပါစာရင်းတွင် အဖြစ်အများဆုံး စမ်းသပ်တွေ့ရှိသည့် ရောဂါလက္ခဏာများနှင့် လူနာတင်ပြ ရောဂါလက္ခဏာများကို စာရင်းပြုစုထားပါသည်။ ၎င်းတို့မှာ GPA နှင့် MPA ၏ ရောဂါလက္ခဏာအချို့သာ ဖြစ်ကြောင်း သတိပြုပါ။ ဤစာရင်းတွင် မပါသည့် သင် ခံစားနေရသော အခြားရောဂါလက္ခဏာများလည်း ရှိကောင်းရှိနိုင်ပါသည်။ ထို့ကြောင့်ပင် သင် တွေ့ကြုံခံစားရနိုင်သည့် ရောဂါလက္ခဏာများအကြောင်း သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အရေးကြီးပါသည်။

အဖြစ်များသည့် ရောဂါလက္ခဏာများမှာ အောက်ပါတို့ ပါဝင်ပါသည် -

1up-6col-md.jpg

Granulomatosis with Polyangiitis (GPA - ရှားပါးသော သွေးကြောရောင်ရမ်းမှု ရောဂါတစ်မျိုး)

ဆိုင်းနပ်စ်နှင့် နှာခေါင်းပိတ်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ ဖျားခြင်း၊ (သွေးပါသော သို့မဟုတ် သွေးမပါသော) ချောင်းဆိုးခြင်း၊ ခံတွင်းပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အားအင်မရှိခြင်း၊ နှာခေါင်းအမြှေးပါး အနာဖြစ်ခြင်း (ulceratosis) နှင့် အသားမာတက်ခြင်း၊ အကြားအာရုံဆုံးရှုံးခြင်း၊ မျက်လုံးရောင်ရမ်းခြင်း၊ ခြေလက်ထုံခြင်း သို့မဟုတ် ကျင်ခြင်း၊ အားနည်းခြင်း၊ ဆီးအတွင်း သွေးပါခြင်း (ဆီးအရောင် ပြောင်းချင်မှပြောင်းပါမည်)၊ အဆစ်နာကျင်ကိုက်ခဲခြင်း။

 

Microscopic Polyanglitis (MPA - ရှားပါးသော သွေးကြောသေးလေးများ ရောင်ရမ်းမှု ရောဂါ)

အသက်ရှုကျပ်ခြင်း၊ (သွေးပါသော သို့မဟုတ် သွေးမပါသော) ချောင်းဆိုးခြင်း၊ ဆီးအတွင်း သွေးပါခြင်း (ဆီးအရောင် ပြောင်းချင်မှပြောင်းပါမည်)၊ ကိုယ်အလေးချိန်ကျခြင်း၊ အနီကွက်ဖြစ်ခြင်း နှင့်/သို့မဟုတ် အရေပြားအနာဖြစ်ခြင်း၊ ခြေလက်ထုံခြင်း သို့မဟုတ် ကျင်ခြင်း၊ အားနည်းခြင်း၊ အဖျားတက်ခြင်း။

အခြား ရောဂါလက္ခဏာများများတွင် အဆစ်နာကျင်ခြင်း၊ အကြားအာရုံအားနည်းခြင်း၊ အရေပြား အနီကွက်ထခြင်း၊ မျက်လုံးနီခြင်း နှင့်/သို့မဟုတ် အမြင်အာရုံပြောင်းခြင်း၊ ညောင်းညာချိနဲ့ခြင်း၊ ဖျားခြင်း၊ ခံတွင်းပျက်ခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်း၊ ညဘက်ချွေးထွက်ခြင်း၊ လက်ချောင်းများ၊ ခြေချောင်းများ သို့မဟုတ် ခြေလက်များ ထုံခြင်း သို့မဟုတ် လှုပ်ရှား၍မရခြင်း။

GPA နှင့် MPA တွင် ရောဂါပြင်းထန်သည့် အချိန်ကာလနှင့် သက်သာသည့် အချိန်ကာလများ ရှိပါသည်။ ရောဂါလက္ခဏာများ ပိုဆိုးသောအခါ သို့မဟုတ် ‌ရောဂါလက္ခဏာအသစ်များ ထွက်ပေါ်လာသောအခါ ပြန်ပြင်းထန်တတ်သည်။ အခြားတဖက်တွင်မူ ရောဂါလက္ခဏာများကို ထိန်းချုပ်နိုင်သောအခါ သို့မဟုတ် ပျောက်သွားသောအခါ ပြင်းထန်မှုအပြီး အချိန်ကာလရှည် သို့မဟုတ် ကာလတို သက်သာသည့် အချိန်ကာလ ဖြစ်ပါသည်။

GPA နှင့် MPA သည် နာတာရှည်ရောဂါများ ဖြစ်သောကြောင့် ဘယ်တော့မှ လုံးဝ ရောဂါပျောက်မသွားပါ။ လူနာသည် သက်သာသည့် အချိန်ကာလ၌ ရှိလျှင်ပင် ရောဂါလက္ခဏာများကို ထိန်းချုပ်ရန် ကုသပေးနေသော ဆရာဝန်က ဆေးများကို ဆက်လက်ပေးနေနိုင်ပါသည်။

GPA နှင့် MPA ကို မည်သို့ ရောဂါဖော်ထုတ်အမည်တပ်သလဲ။

GPA နှင့် MPA ရောဂါဖော်ထုတ်အမည်တပ်ခြင်းမှာ စမ်းသပ်တွေ့ရှိသော ရောဂါလက္ခဏာများနှင့် လူနာတင်ပြ ရောဂါလက္ခဏာများ၊ ယခင်ရောဂါရာဇဝင်၊ ကိုယ်ခန္ဓာပိုင်း စမ်းသပ်စစ်ဆေးချက်နှင့် ဆေးစစ်အဖြေများအပေါ် အခြေခံပါသည်။ ကံမကောင်းစွာနှင့်ပင် GPA နှင့် MPA ရောဂါအမည်တပ်နိုင်မည့် ရိုးရှင်းသော ဆေးစစ်နည်းတစ်ခု မရှိပါ။

ရောဂါအမည်တပ်ရန် အောက်ပါတို့အပါအဝင် ဆေးစစ်ချက်ပေါင်းများစွာ လိုအပ်နိုင်ပါသည် -

• သွေးစစ်ချက်များ-  သင့်သွေးအတွင်း အချို့သွေးဆဲလ်ပမာဏများနှင့် ပဋိဇီဝပစ္စည်းပမာဏများမှာ ပုံမှန်မဟုတ်ပါက သွေးစစ်ချက်များက ဖော်ပြနိုင်ပါသည်။ ANCAs စစ်ကြည့်ရန် သွေးစစ်ချက်တစ်ခု ဆောင်ရွက်ရပါလိမ့်မည်

• တစ်သျှူးအသားစယူစစ်ကြည့်ခြင်း- တစ်သျှူးအသားစယူရာတွင် သွေးကြောတစ်ခု သို့မဟုတ် ရောဂါထိခိုက်ခံရသော ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုမှ တစ်သျှူးနမူနာတစ်ခုကို သင့်ဆရာဝန်က ယူပါလိမ့်မည်။ ဆဲလ်များနှင့် တစ်သျှူးများကို မိုက်ခရိုစကုပ်အောက် လေ့လာခြင်းကို အထူးပြုသည့် ဆရာဝန်ဖြစ်သော ရောဂါဗေဒပညာရှင်က ရောင်ရမ်းမှု သို့မဟုတ် တစ်သျှူးပျက်စီးမှုလက္ခဏာများကို အသားစနမူနာတွင် ရှာဖွေစစ်ဆေးပါလိမ့်မည်။

• ဆီးစစ်ချက်များ- ရောဂါဆန်းစစ်အကဲဖြတ်ရန်အတွက် သင့်ဘက်က ဆီးနမူနာတစ်ခု ပေးရပါမည်။ ဤဆီးစစ်ချက်သည် ဆီးအတွင်း ပရိုတိန်းဓာတ်ပမာဏ သို့မဟုတ် သွေးဆဲလ်ပမာဏ ပုံမှန်ဟုတ်မဟုတ် စစ်ဆေးပေးပြီး ပုံမှန်မဟုတ်ပါက သင့်ကျောက်ကပ် ထိခိုက်သည့် လက္ခဏာများ ဖြစ်နိုင်ပါသည်။

• ရင်ဘတ်ဓာတ်မှန်- သင့်နှလုံး၊ အဆုတ်နှင့် သွေးကြောကဲ့သို့သော သင့်ရင်ဘတ်အတွင်းရှိ ကိုယ်အင်္ဂါအစိတ်အပိုင်းများ၏ ပုံပန်းသဏ္ဍာန်ကို ဖန်တီးပေးသည့် ဆေးစစ်ချက်တစ်ခု ဖြစ်ပါသည်။ ပုံမှန်မဟုတ်သော ရင်ဘတ်ဓာတ်မှန်အဖြေက သင့်အဆုတ်ကို ထိခိုက်စေနိုင်သည့် ကိုယ်တွင်းပြောင်းလဲမှုများကို ပြသနိုင်ပါသည်။

• Computed tomography (ကွန်ပြူတာဓာတ်မှန်) စကန်- (များသောအားဖြင့် CT စကန်ဟုလည်းခေါ်သည့်) computed tomography စကန်သည် သာမန်ဓာတ်မှန်ထက် သင့်အတွင်းအင်္ဂါအစိတ်အပိုင်းများ၏ ပုံပန်းသဏ္ဍာန်ကို ပို၍အသေးစိတ်ပုံဖော်ပေးပါသည်။ သင့်ဆိုင်းနပ်စ်များ၊ ရင်ဘတ် သို့မဟုတ် ဝမ်းဗိုက်အတွင်းအင်္ဂါအစိတ်အပိုင်းများတွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများကို ပြသနိုင်ပါသည်။

 

ကိုးကားချက်များ

 

1. American College of Rheumatology:
https://www.rheumatology.org/Practice/Clinical/Patients/Diseases_And_Conditions/Granulomatosis_with_Polyangiitis_(Wegener_s)/

2. Calabrese LH, Molloy ES, Duna Gf. Antineutrophil cytoplasmic antibody-associated vasculitis. In Kelley’s Textbook of Rheumatology, 2009; Edited by GS Firestein, RC Budd, SE Gabriel, et al. Philadelphia, PA: Saunders/Elsevier.

3. Pagnoux C. Updates in ANCA-associated vasculitis. Eur J Rheumatol 2016; 3:122-133.

သင်ဖတ်ရှုလိုမည့် အခြားအကြောင်းအရာများ

ကျန်းမာကြံ့ခိုင်မှုနှင့် ကျောက်ကပ်

ကျွန်ုပ်၏ ကျောက်ကပ်အတွက် အစားအစာ

ကျွန်ုပ်နှင့် ဘဝတူများ

GPA ရောဂါ ကုသနည်း